မင်းဘူး (စကု) မြို့နယ် ကျောက်စံကျေးရွာ၌ စိုက်ပျိုးထားသော နွေးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး (စကု) မြို့နယ် ကျောက်စံကျေးရွာ၌ စိုက်ပျိုးထားသော နွေးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း



MNP - ဇွန်   ၁၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ ကျောက်စံကျေးရွာ၌ ဒေသခံ တောင်သူများနှင့် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး နွေးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက ၅၀ ကျော် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


အဆိုပါစိုက်ခင်းများကို ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျောက်စံလျှပ်စစ် မြစ်ရေတင် လုပ်ငန်းမှ စိုက်ပျိုးရေပေးဝေးထားပြီး ဧပြီလ ၉ ရက်နေ့က ခြောက်တန်းတစ်တန်းလှပ်ကြိုးတန်းစနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်သည့် ဒေသခံတောင်သူများအတွက် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းမှ ပခန်းရွှေဝါနှင့်ဆင်းသုခစပါးမျိုးများကို ပျိုးထောင်းပြီး အခမဲ့ဖြန့်ဝေပေးကာ ယူရီးယား ဓာတ်မြေဩဇာ တစ်ဧက ၂ အိတ်နှုန်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ တစ်ဧက တစ်အိတ်နှုန်းဖြင့် ထောက်ပံ့ပေးထား ကြောင်း၊ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း စိုက်ပျိုးရေးကွင်းဝန်ထမ်းများက တစ်ဧကအထွက်နှုန်း တိုးတက် ကောင်းမွန်စေရေး နည်းပညာများပံ့ပိုးကူညီပြီး တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက် ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။


“ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းနဲ့ ဒေသခံတောင်သူ (၁၃) ဦး အကျိုးတူပူးပေါင်းကာ နွေစပါး မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧပြီလ ၉ ရက်နေ့က ပခန်းရွှေဝါနဲ့ ဆင်းသုခစပါးမျိုးတွေကို ပျိုးထောင်ပြီး ဧက ၅၀ ကျော်ကို စတင်စိုက်ပျိုးခဲ့တာပါ။ ပေါင်းကောက်၊ မျိုးကွဲပယ်၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရွက်ဖျန်း အားဆေးများ ပက်ဖျန်းတာတွေ ပုံမှန်ဆောင်ရွက်ခဲ့ပြီးတော့ ယခုအခါ စပါးနှံများ (အသီးများ) စတင် ထွက်ရှိနေပြီဖြစ်ပါတယ်။ စပါးသက်တန်းကတော့ ပုံမှန်စပါးမျိုးတွေအတိုင်းရက်ပေါင်း ၁၂၀ ခန့်ဖြစ်ပြီး တစ်ဧကကို ပျှမ်းမျှတင်း (၈၀) ခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း” ကျောက်စံကျေးရွာမှ ဒေသခံတောင်သူ ဦးသန်းလွင်က ရှင်းပြသည်။


မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာရှိ ကွင်းအမှတ် (၁၂၀၃) အတွင်း နွေစပါးမျိုးစေ့ထုတ် စိုက်ခင်း အဖြစ် ဒေသခံတောင်သူ (၁၃) ဦးနှင့် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး ပခန်းရွှေဝါ မျိုးစပါး ၃၁ ဒသမ ၄၅ ဧကနှင့် ဆင်းသုခမျိုးစပါး ၂၀ ဧက စုစုပေါင်း နွေစပါး မျိုးစေ့ထုတ် စိုက်ခင်း ၅၁ ဒသမ ၄၅ ဧကကို စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)