မောင်တောမြို့၌ ဆန်နှင့်အခြားသီးနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ဆန်နှင့်အခြားသီးနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်







  

MNP ၊  ဇွန်    ၇

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌   ဆန်၊ ပဲ ၊ ပြောင်း ၊ ဂျုံ  နှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စား သောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  ခရိုင်အသေး စား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းက ဆန်၊ ပဲ ၊ ပြောင်း ၊ ဂျုံ  နှင့် သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား စနစ် တကျ လေ့လာသင်ယူမှတ်သားကြစေလိုကြောင်း ၊  လူတိုင်းနေ့စဉ် အစာအဟာရများကို စားသုံးကြ သည့် အတွက်  အစားအသောက်ပြုလုပ်သည့် သင်တန်းများဖွင့်လှစ်ပေးခြင်းသည် အကျိုးရှိပါကြောင်း ၊ သင်တန်းမှ ပို့ ချသည့် ဘာသာရပ်များကို လေ့လာသင်ယူပြီးသည့် အခါ မိမိ မိသားစု ကိုယ်ပိုင်ဝင်ငွေများ တိုးပွားအောင် ဆောင် ရွက်ကြစေလိုကြောင်းမှာကြားခဲ့သည်။ ထို့နောက်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ဥမ္မာထွန်းက   သင်တန်းတွင် ပို့ချပေးမည့်  ဘာသာရပ်များ ၊ သင်တန်းမှ ရရှိလာမည့် အကျိုး ကျေးဇူး များ သင်တန်းဖွင့်လှစ် ပို့ချရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို  နည်းပြ ၂ ဦးမှ သင်တန်းသား/သူ ၂၀ ဦးအား  ယို ၊ဖျော်ရည် ၊ ဆရပ် ၊ ဂျယ်လီ ၊ ကိတ် ၊ ဝိုင် အမျိုးမျိုး ပြုလုပ်ခြင်း နည်းစနစ် များကို စာတွေ့လက်တွေ့  ၁၀ ရက်ကြာ သင် ကြား ပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)