စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံကောလိပ် ပညာရေး အဆောက်အဦးများ ဆောက်လုပ်နေမှု၊ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လိုက်လံကြည့် ရှုအားပေးခြင်းနှင့် မြို့မိ၊ မြို့ဖများ၊ ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံကောလိပ် ပညာရေး အဆောက်အဦးများ ဆောက်လုပ်နေမှု၊ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လိုက်လံကြည့် ရှုအားပေးခြင်းနှင့် မြို့မိ၊ မြို့ဖများ၊ ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ





MNP - ဇွန်  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၂၂)ရက် နံနက် ပိုင်းတွင် ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံကောလိပ်သို့ ရောက်ရှိရာ အဆောက်အဦးအထူးအဖွဲ့(၆)မှ တာဝန်ခံအင်ဂျင်နီယာက ကျောင်းဆောင်အဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ တည်ဆောက်နေမှုများအား ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာကြီးက ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းသား၊ ဆရာအင်အား လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံ ကောလိပ် စာသင်ကျောင်းဆောင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် အဆောက်အဦးများ တည်ဆောက်နေမှုများ၊ ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများနှင့် ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ် - ၅ သိန်းအား ပေးအပ်ခဲ့ သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လိုက်လံ ကြည့်ရှု အားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ငွေကျပ် - ၅၀၀၀၀ ငါးသောင်းနှုန်းစီ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များနှင့် RC သုံးထပ် ပင်မကျောင်းဆောင် အဆောက်အဦး ဆောက်လုပ်နေမှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ သက်မှတ် အရည်အသွေးများနှင့်အညီ တည်ဆောက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ဒေသခံကျောင်း သား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်း ဆောင်အဆောက်အဦးများ ကြံ့ခိုင်မှုရှိစေရေးတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဟုမ္မလင်း မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက် - ၅ နှစ်မှ ၁၂ နှစ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများထံ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၆ ကျောင်းအတွက် သန့်စင်ခန်း ဆောက်လုပ်ရန် ငွေကျပ် သိန်း - ၁၄၀အားလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ အခြေခံပညာအထက်တန်း ကျောင်း သန့်စင်ခန်းဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း - ၄၀ အားလည်းကောင်း၊ ဟုမ္မလင်းမြို့ပေါ်ရှိ အမှတ် ၁ - ၂ အခြေခံပညာအထက်တန်းကျောင်းများအတွက် ငွေကျပ် - ၅ သိန်းစီအား ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ရှိ  မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကား ပြောကြားသည်။


ဆက်လက်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဟုမ္မလင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သန့်ရှင်း သာယာ သပ်ရပ်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီးသီး ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တက်ရောက်လာသူများ၏  ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ ဟုမ္မလင်းမြို့၊ အမှတ်(၁၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ရောက်ရှိရာ ဆေးကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး တာဝန်ရှိသူများနှင့်အတူ စားသောက်ဖွယ်ရာများအား ပေးအပ်ကာ တပ်မှူးထံ ငွေကျပ် - ၅ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)