MNP ၊ ဇွန် ၇
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၁)နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် အ.လ.က(အင်ဘု)၊ အ.မ.က(ဗောဓိကုန်း)၊ အ.ထ.က(သပြေပင်)နှင့် အ.မ.က(သက္ကယ်ချင်း) ကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူလေးများ ကျန်းမာစွာပညာသင်ကြားနိုင်ရန်အတွက် လက်ဆေးဘေစင်များဆောင်ရွက်ထားရှိမှု၊ သွေး လွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်ဖို့ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်နှင့် ကျောင်းတွင်းသန့်ရှင်းရေးများ စနစ်တကျဆောင်ရွက်ထားရှိရန် မှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် အေးချမ်းစွာပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူလေးများအား ကျောင်းမှန်မှန်တက်ရန်နှင့် ပညာတွေတတ်မြောက်ပြီး နိုင်ငံ့သား ကောင်းများ ဖြစ်ပေါ်လာနိုင်စေရန်အတွက် အားပေးစကားများပြောကြားသည်။
ဆက်လက်၍ အဆိုပါကျောင်းများတွင် လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ကျောင်းသူလေးများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုများနှင့် ကျောင်း ဆောင်ခွဲဝေထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment