ကျွန်းစုမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ


MNP - ဇွန်   ၂


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊‌ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


“အ.ထ.က ကျွန်း‌စု‌ကျောင်းမှာ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၃၉၉)ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်တယ်” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက ပြောသည်။


ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီး ဌာန၏ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း၊ ဇွန်လ (၃၀)ရက်နေ့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)