ဟိုင်းကြီးကျွန်းမြို့၌ ရေစီး/ရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ရေစီး/ရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်



MNP - ဇွန်  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရေမြောင်းများ ရေစီး/ရေလာ ကောင်းမွန်ပြီး ရေမြောင်းပိတ်ဆို့မှု  မရှိစေရေးအတွက် ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းကို ယနေ့နံနက် (၇:ဝဝ)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် (၅)လမ်းနှင့် ကျန်စစ်သား လမ်းမတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ခြင်းကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်ဆန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ အနီးကပ်ကြီးကြပ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး အရှည် ပေ(၆၅၀)ခန့်ပြီးစီးခဲ့ကာ ကျန်ရှိသောနေရာများတွင်လည်း ရေစီး/ ရေလာ ကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)