ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီ ရွေးချယ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီ ရွေးချယ်ခြင်းများဆောင်ရွက်



MNP - ဇွန်   ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆယ်ကြီးကွက်သစ်နှင့် ပိတောက်ကုန်းကျေးရွာများသို့ ယမန်နေ့က မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ကျေးလက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦး‌ဌေးဇော်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို တက်ရောက်လာသည့် ကျေးရွာပြည်သူများအား မိတ်ဆက်ရှင်းလင်းပြောကြားပြီး၊ ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း၊ အုပ်စု(၅)စု ဖွဲ့စည်းထားခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။


ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)ရန်ပုံငွေ  တစ်ရွာလျှင်ကျပ် သိန်း(၁၀၀)ဖြင့် မြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် မြေသားရေကန်တူးဖော်ပေးခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)