မူဆယ်မြို့တွင် မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်) လက်တွေ့စိုက်ပျိုးထုတ်လုပ်နည်း သရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်) လက်တွေ့စိုက်ပျိုးထုတ်လုပ်နည်း သရုပ်ပြပွဲပြုလုပ်

 


MNP - ဇွန်  ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကပြုလုပ်သည့် မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်)(၁)ဧကလက်တွေ့စိုက်ပျိုးထုတ်လုပ်နည်းသရုပ်ပြပွဲကို နွားမွေးမြူရေးတောင်သူ ဦးသီလာရမ်း၏ ယာမြေ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။


အဆိုပါ မိုးရာသီ (နေပီယာမြက်) စိုက်ပျိုးထုတ်လုပ်ရေး နည်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မူဆယ်မြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဒေါက်တာ စန္ဒာကြည်က နေပီယာမြက်အသုံးပြုခြင်းဖြင့် မွေးမြူတိရစ္ဆာန်များအတွက်များစွာ အကျိုးသက်ရောက်မှုရှိကြောင်း၊ မိုးရာသီပိုလျှံမြက်များကို နွားချဉ်ဖတ်၊ မြက်ချဉ်ဖတ်အဖြစ် ပြုလုပ်သိမ်းဆည်း ထားပြီး အစာရှားပါးသည့် ရာသီရောက်ချိန်တွင်လည်း နွားများကိုကျွေးမွေးခြင်းဖြင့် အာဟာရ ပြတ်လတ်မှုမရှိစေခြင်း၊ ထိုမှနွားချေးသဘာဝမြေဩဇာရရှိနိုင်ပြီးဈေးနှုန်းမြင့်ဓာတ်မြေဩဇာအသုံး ပြုမှုလျှော့ချနိုင်ကြောင်း၊တိရစ္ဆာန်များသည် သဘာဝစားကျက်နှင့်လယ်ယာသီးနှံအကြွင်းအကျန်များကိုသာ မှီတင်းနေရပါက ကြီးထွားမှုနှုန်းနှေးကွေးပြီး အရွယ်ရောက်မှုနောက်ကျကာထုတ် လုပ်မှုနည်းပါးမယ်ဖြစ်ကြောင်း၊ ၎င်းအရာများကြောင့် အရည်အသွေးကောင်းမွန်သော တိရစ္ဆာအစာပင်များစိုက်ပျိုး၍ ကျွေးမွေးခြင်းဖြင့်  တိရစ္ဆာန်များ ကျန်းမာပြီးထုတ်လုပ်မှု မြင့်မားလာမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဝန်ထမ်းများက နေပီယာမြက်စိုက်ပျိုး ထုတ်လုပ်ရေးလက်ကမ်းစာစောင်နှင့် နွားချဉ်ဖတ်ပြုလုပ်နည်း လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


ယင်း လက်တွေ့နည်းသရုပ်ပြပွဲသို့ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့် မိုင်းယုကျေးရွာမှ ဒေသခံနွားမွေးမြူရေးလုပ်ငန်းရှင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)