MNP ၊ ဇွန် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ အခြေခံမွေးမြူးရေးပညာသင်တန်းကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သုံးရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယင်းသင်တန်းကို ဇွန်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ အဟောက်ကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ သင်တန်းသား ၂၀ ဦးမှ တက်ရောက်ခဲ့သည်။
မြို့နယ်အတွင်း ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်နှင့် ဘဲ မွေးမြူနေသူများ၏အခြေခံမွေးမြူရေးကို တပိုင်တနိုင်မွေးမြူရေးစနစ်မှ စီးပွားအဖြစ်မွေးမြူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ သက်နိုင်က ပြောသည်။
အဆိုပါသင်တန်းတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ၊ အရေပြား အကျိတ်အနာရောဂါ၊ ကောင်းမွန်သော ဖလာမွေးမြူရေး၊ မေထုံမဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မှကူးစက်တတ်သည့်ရောဂါများအကြောင်း၊ ကိုယ်ပိုင်အစာစပ်ပုံ၊ ဆေးဝါးအသုံံးပြုပုံအဆင့်ဆင့်၊ ဆောင်ရန် /ရှောင်ရန်နည်းလမ်းများနှင့် မွေးမြူရေးနည်း နည်းစနစ်များအကြောင်းကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ အသေးစိတ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment