လေးမျက်နှာမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ပြည်သူများအပန်းဖြေနိုင်မည့် ပန်းခြံဖော်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ပြည်သူများအပန်းဖြေနိုင်မည့် ပန်းခြံဖော်ဆောင်




MNP - ဇွန်   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ပြည်သူများ အပန်းဖြေနိုင်မည့်ပန်းခြံကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်း၍ မေလဆန်းပိုင်းမှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ပန်းခြံအား လက်ရှိတွင် မြို့နယ်အတွင်းရှိ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့အား (၅)နှစ်စီမံကိန်းဖြင့် ရေးဆွဲတင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပန်းခြံဖြစ်မြောက်ရေး စီမံကိန်းတွင် အားကစားလေ့ကျင့်ကွင်း၊ ပန်းခြံလျှောက်လမ်း၊ ခြံစည်းရိုး၊ မုခ်ဦး၊ ရေလောင်းစနစ်ပိုက်များ၊ ရေစက်ရေစင်ပြုပြင်ခြင်း၊ ပန်းအလှပင်များ၊ ပြည်သူများအနားယူ အပန်းဖြေနိုင်မည့်ခုံတန်းများ၊ ပန်းခြံအဝင်တံတား တည်ဆောက်ခြင်းများအား ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဇေယျထံမှ သိရှိရသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)