MNP - ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဇီးဖြူသောင်ကျေးရွာ၌ တောင်သူ ဦးမင်းယုချို၏ ကွင်းအမှတ် (၃၈၆/ခ) လယ်မြေတွင် ကောက်စိုက်စက်ဖြင့်တောင်သူများ လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က ဒေသခံတောင်သူများစိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးနိုင်ကြောင်းနှင့် တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦး၊ ခရိုင်ဆည်မြောင်း ဦးစီးဌာန၊ ခရိုင်တည်ဆောက်ရေးဦးစီးမှူး ဦးအောင်ကိုကိုထွန်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးယဉ်လွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment