တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး

 





MNP - ဇွန်   ၃


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ HTOO HTET HAN Co.Ld မှ ဝက်မွေးမြူရေးလုပ်ငန်းပိုင်ရှင် ဦးနေမင်း၏ CP ဝက်မွေးမြူရေး ခြံသို့ရောက်ရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဝက်မွေးမြူရေးလုပ်ငန်းပိုင်ရှင်တို့မှ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားရှင်းလင်းတင်ပြကာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပန်းတနော်မြို့ အ.ထ.က (၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတက်ရောက်နေသော ကျောင်းသားကျောင်းသူများကို အားပေးစကားပြောကြားကာ ကျောင်းအုပ် ဆရာမကြီးအား ထောက်ပံ့ငွေနှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘုရားချောင်းကျေးရွာအုပ်စု မအူချောင်းကျေးရွာ ပန်းတနော်- ရွှေလောင်းကားလမ်းဘေးရှိ Global Earth ငါးမွေးမြူရေးကုမ္ပဏီသို့ရောက်ရှိပြီး ငါးမွေးမြူရေးလုပ်ငန်းပိုင်ရှင် ဦးဌေးမြင့်မှ ငါးမွေမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လိုက်လံရှင်းလင်းပြသခဲ့ရာ ဝန်ကြီးချုပ်မှ သိရှိလိုသည်များကိုမေးမြန်း၍ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ပသွယ်ကျေးရွာအုပ်စု ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ စူပရင်းကုမ္ပဏီသို့ရောက်ရှိကာ သဘာဝမြေသြဇာထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)