ပခုက္ကူမြို့၌ မီးဘေးလုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ မီးဘေးလုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ




MNP - ဇွန်   ၁၉


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပခုက္ကူ)၌ မီးဘေးလုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။


အသိပညာပေးဟောပြောပွဲတွင် ပခုက္ကူမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်က မီးလောင်ကျွမ်းမှုကိုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ မီးလောင်ကျွမ်းမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးနည်းလမ်းများ၊ မီးသတ်ဆေးဘူးစနစ်တကျအသုံးပြုနည်းများ၊ လူနေအိမ်၊ အဆောင်များနှင့်သင်တန်းကျောင်းများတွင် မီးဘေး အန္တရာယ်ကင်းဝေးစေရေး လျှပ်စစ်ဓာတ်အားနှင့် မီးဖိုအသုံးပြုနည်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များအား သင်တန်း သား၊သင်တန်းသူများထံ အခမဲ့ဖြန့်ဝေကြသည်။


ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပခုက္ကူ)မှ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ(၉၉)ဦးတို့အား ပခုက္ကူမြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦးတို့က ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်/စက်ပစ္စည်းများ စနစ်တကျ ကိုင် တွယ်အသုံးပြုနည်း၊ အရေးပေါ်မီးငြိမ်းသတ်နည်းစသည့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြရှင်းလင်းကြပြီး ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူတစ်ဦးချင်းကို လက်တွေ့မီးငြိမ်းသတ်ဆောင်ရွက်စေကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)