စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငချောင်း အသေးစားရေအားလျှပ်စီမံကိန်း တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးခြင်းနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငချောင်း အသေးစားရေအားလျှပ်စီမံကိန်း တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးခြင်းနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

 


MNP - ဇွန်   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၂၁)ရက် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအဖွဲ့ တည်ဆောက် ရေး - ၅ မှ တာဝန်ခံ အင်ဂျင်နီယာက နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအား Power Point ဖြင့်  ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နမ့်ပငချောင်း အသေး စားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူလူထုအား လျှပ်စစ်မီးကိုလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ပါ၍ သက်မှတ်ကာလတွင်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်အရည်အသွေးများနှင့် စံချိန်စံညွှန်း ပြည့်မီကိုက်ညီစွာ တည်ဆောက်ရေးနှင့် လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာထားဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အသေးစိတ်မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်း ပုံစံငယ်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် (၇.၅)မိုင် ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်း ဧရိယာ - ၃၉၀.၇၃ စတုရန်းမိုင်၊ တမံအမျိုးအစား - Concrete Gravity Dam ဖြစ်ပြီး၊ တမံအလျား - ၄၇၃ ပေ၊ တမံအမြင့် - ၁၁၄.၈ ပေ၊ ရေအားအမြင့် - ၈၀.၃၈ ပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ - ၁၁၃၅၂ ဧက၊ ရေပိုလွှဲအမျိုးအစား - သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး၊ တပ်ဆင်စက်အင်အား - ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်) နှစ်စဉ်ပျမ်းမျှ ထုတ်နိုင်သည့်ဓာတ်အား - ၃၄.၆၈ ကီလိုဝပ် နာရီသန်းပေါင်း  ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အပြီး တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆာက်ရေးလုပ်ငန်းများ - ၃၀.၃၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း)သို့ ရောက်ရှိရာ ဒေသခံကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း လုံခြုံစွာ ပညာသင်ကြားရေး၊ သောက်သုံးရေသန့်ရရှိရေး၊ လျှပ်စစ်မီးပြည့်မီစွာရရှိရေး၊ အရိပ်ရနှင့်အလှပန်းပင်များ စိုက်ပျိုးရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်ကြားရေးဆရာ၊ ဆရာမများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးပြီး ဆရာ၊ ဆရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ ကျောင်းအတွက် ငွေကျပ်- ၅ သိန်း၊ စားသုံးဆီ၊ ဆန်၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးပုံးများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်း မြို့နယ်၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်းသို့ ရောက်ရှိရာ ဒေသခံကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းဆောင်အဆောက်အဦများ လုံလောက်မှုရှိစေရေးနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးကာ ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် - ၅ သိန်းအား ပေးအပ်ခဲ့ပြီး တည်ဆောက်လျက်ရှိသည့် ကျောင်းဆောင်အဆောက်အဦနှင့်  ထပ်မံဆောက်လုပ်မည့် ကျောင်းဆောင် အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာတို့အား ကြည့်ရှုစစ်ဆေးကာ ဆောက်လုပ်ဆဲ အဆောက်အဦအပြီးသပ်ရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောက်လုပ်ပေးမည့် အဆောက်အဦသစ် ဆောက်လုပ်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနဇောတိက မြို့မကျောင်းသို့ရောက်ရှိရာ ဘဒ္ဒန္တဦးဣန္ဒဝံသ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ကြောင်း သိရသည်။            


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)