ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်





MNP - ဇွန်   ၄


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုတယ်ရွှေနန်းထိုက်တွင် ဖွင့်လှစ်သော မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် “ယနေ့ခေတ်တွင် ခရီးသွား လုပ်ငန်းများ ဝန်ဆောင်မှုမြှင့်တင်ရာ၌ မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းသည်လည်း ဝန်ဆောင်မှုခေါင်းစဉ် အမျိုးအစားအသစ်တစ်ခု အနေဖြင့် ပေါ်ပေါက်လာခဲ့ကြောင်း၊ ယခုခေါင်းစဉ်ကို UNWTO (United Nations World Tourism Organization )က BARRIER FREE TOURISM (မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း)ကို ဖော်ထုတ်လိုက်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းသူများ  တစ်နည်း အားဖြင့် ဂရုစိုက်အလေးထားရမယ့် ပုဂ္ဂိုလ်များကို နောက်ချန်မထား၊ ဘေးဖယ် မထားဘဲ  အားလုံးတန်းတူညီမျှဖြစ်အောင် ဝန်ဆောင်မှုများ ပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ ယင်းမှာ လူသားချင်းစာနာထောက်ထားမှုပင်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်နေသည်ဆိုသော စစ်တမ်းများအရ ယခုကဲ့သို့ ဝန်ဆောင်မှုပေးခြင်းဖြင့်  မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းကို အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သင်တန်းနည်းပြများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းမှ ရရှိလိုက်သော ဗဟုသုတ အတွေ့အကြုံများကို မိမိတို့လုပ်ငန်းနယ်ပယ်တွင် ပြန်လည်အသုံးချနိုင်စေဖို့နဲ့ ထပ်ဆင့်မျှဝေပေးနိုင်ကြဖို့ မျှော်လင့်ပါကြောင်း  ” ပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး  မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်း သင်တန်းသို့ ပါဝင်တက်ရောက်မည့် ဟိုတယ်ဝန်ထမ်း (၅၀) ဦးအား ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉  တတိယမြောက် ကာကွယ်ဆေး booster များ ထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။


ယခုဖွင့်လှစ်သည့် မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း သင်တန်းကို ဇွန်လ ၃ ရက်နေ့ မှ ၄ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဟိုတယ်များမှ သင်တန်းသား/သူ ဦးရေ (၅၀)ခန့် ပါဝင် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရသည်။


သတင်း - ယမင်းလှိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)