MNP - ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းကျေးရွာရှိ တောင်သူ ဦးကျော်နိုင်၏ မြေ ၁ ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နေဗီယာမြက်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းခိုင်တို့ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက်များကို ပေါင်းတည်မြို့နယ်အတွင်း ၄.၉၅ ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
သတင်း - အေးအေးဆင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment