အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ





MNP ၊ ဇွန်  ၂၅

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ဖြင့် ပြန်ကြားရေးပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို အမ်း မြို့နယ်ပြန်ကြား ရေးပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမ်းမြို့ သစ်ဈေးအတွင်းရှိဈေးရောင်းဈေးဝယ်များ၊ဆိုက်ကယ်ကယ်ရီဂိတ်များနှင့် ဌာနဆိုင်ရာများ ပြည်သူများသို့ ယနေ့နံနက်ပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင် တွင် နိုင်ငံတော်အကြီးအကဲ၏ အမှာစကား ကောက်နုတ် ချက်၊ အမျိုးသားမူးယစ်ဆေး ဝါးထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိလာမည့် စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ပပျောက်ရေး မဟာဗျူ ဟာနှင့် နည်းဗျူဟာများ၊ ဆောင်းပါး၊ ကဗျာ၊  ကာ တွန်း၊ ဆောင်ပုဒ်များဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)