တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်



MNP - ဇွန်   ၁၈


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအတွင်း အခြေပြုမှီတင်းနေထိုင်သော မွေးရာပါတိုင်းရင်းသားအားလုံးနှင့်ဥပဒေအရ နိုင်ငံသားအားလုံးကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ဝယ်ကိုင်ဆောင်နိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို e-ID စနစ်ဖြင့် Software ရေးသွင်းခြင်းလုပ်ငန်း ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြေပြင်ရှိလူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း (Pilot Project) လုပ်ငန်းဖြစ်သည့် အဓိကလုပ်ငန်းကြီး(၃)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းစဉ်တစ်ခုဖြစ်သောမှ (နိုင်-၄) မှတ်တမ်းများ ကို e-ID စနစ်ဖြင့် Software အတွင်း ရိုက်သွင်းခြင်းလုပ်ငန်း၏ပထမအဆင့် နိုင်-၄ မှတ်တမ်းများကို Excel Format ဖြင့် ရိုက်သွင်းနိုင်ရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းကူညီအားဖြည့်ပေးခဲ့သောတပ်မတော်သားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ အနီးကပ်ကြီးကြပ်ပေးခဲ့သော တိုင်း/ခရိုင် လဝကဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အိမ်ထောင်စုလူဦးရေစာရင်း ပြုစုရေးဌာနတို့နှင့် ပူးပေါင်းပြီးမဲစာရင်းပြုစုရေး ကိစ္စရပ်များ တွင်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နှစ်ပတ်လည်နေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပန်းခင်း” စီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ရာတွင် ကုန်ကျခဲ့သောသွေးစစ်ခနှင့်ဓာတ်ပုံရိုက်ခများအတွက် ကူညီပံ့ပိုးငွေများပေးအပ်ကာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး က e-ID စနစ်ဖြင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်းများ Excel Format ဖြင့် ရိုက်သွင်းရာတွင် ကူညီဆောင်ရွက်ပေးကြသော တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကူညီထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။


ဆက်လက်၍တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးဆုရရှိသော ကျောင်းသား/သူများအားဆုချီးမြှင့်ပြီး e-ID စနစ်ဖြင့် ထည့်သွင်းရာတွင် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် အနီးကပ် တာဝန်ယူဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းများအားလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သောပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ တက်ရောက်လာသော ဧည့်သည်တော်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သီချင်းဖြင့်သရုပ်ဖော်တင်ဆက်ခဲ့ကြသည်။


ဆက်လက်၍လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ဝန်ထမ်းမိသားစုများက ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့၊ ဃောသိတရာမပါဠိတက္ကသိုလ်ကျောင်း၌ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနားကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)