မတ္တရာမြို့နယ်၌ မြို့ဝင်မြို့ထွက် စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ မြို့ဝင်မြို့ထွက် စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုး



MNP - ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ မြို့ဝင်မြို့ထွက် စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက  မတ္တရာမြို့နယ် ဘိုးကုန်းကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးထက်အောင်-၁ တို့မှ ပျိုးပင်များကို ပေးအပ်ရာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ပိတောက်နှင့် မည်စည်(၁၃ဝ)ပင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးထက်အောင်-၁နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် မတ္တရာမြို့အဝင်၌ ပန်းအလှပင်များဖြစ်သည့် တပေဘူတ၊ စိန်ပန်း၊ မည်စည်နှင့်ငုစပ် စုစုပေါင်း ၂၅ဝ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


မတ္တရာမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးခြံများတွင် ပြည်သူများအား ဖြန့်ဝေရန်အတွက် ပျိုးပင်ပေါင်း ၄၅ဝဝဝ စိုက်ပျိုးထားရှိပြီး စိုက်ပျိုးလိုသော ပြည်သူများအနေဖြင့် အခမဲ့လာရောက် ယူဆောင်နိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။


သတင်း- စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)