သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကျင်းပ

 



MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရွှေကျောင်းရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက သင်တန်းလာရောက် ဖွင့်လှစ်ပေးသော လားရှိုးမြို့(ICRC)မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကို စိတ်ဝင်စားစွာဖြင့် တက်ရောက်သော သင်တန်းသားများနှင့် သင်ကြားပြသပေးသော နည်းပြများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းမှရရှိသော အသိပညာများဖြင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုစေလိုကြောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ ဆောင်ပုဒ်ဖြစ်သော “ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဆိုသည့်အတိုင်း မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ကို ကူညီဆောင်ရွက် သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းသားများမှ သင်ခန်းစာများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြကြောင်းနှင့် နမ့်လန်ကျေးရွာ၊ နားမခေါ်ကျေးရွာ၊ လောင်ခွန်ကျေးရွာများမှ သင်တန်းသား (၂၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအားဇွန်လ (၉)ရက်မှ (၁၁)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှသိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)