ပွင့်ဖြူမြို့နယ်၌ မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ်


MNP - ဇွန်  ၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် မိုးကြိုးဘေးအန္တရာယ်ကြောင့် သေဆုံးသွားခဲ့သည့် မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။


ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မိုးဦးကာလတွင် ဖြစ်ပွားလေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ထိခိုက်မှုမဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် အထူးဂရုပြု နေထိုင်သွားလာကြရန် ဆွေးနွေးမှာကြားသည်။


ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချမ်းမြေ့အောင်တို့က ဇွန်လ(၂)ရက်နေ့တွင် မိုးကြိုးဘေးအန္တရာယ်ကြောင့် သေဆုံးသွားခဲ့သည့် ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာမှ မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/-) အား ကျန်ရစ်သူမိသားစုထံ စနစ်တကျ ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)