မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - ဇွန်   ၁


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ အဖွင့်အမှာစကားပြောကြားရာ လုံခြုံရေးကဏ္ဍအနေဖြင့် တပ်နယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပေါင်းစပ်၍ ထူးခြားဖြစ်စဉ်များနှင့် တပ်နယ် အလိုက်၊ ခရိုင်အလိုက် လုံခြုံရေးအစည်းအဝေးများတွင် ရရှိထားသောသတင်းများကို ဂရုပြု ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် စစ်ဆေးသည့်အမှုများ သတ်မှတ်ကာလ ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း  အမြန်ပြီးပြတ်နိုင်ရေး မကွေးတိုင်း ဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊ နိုင်-၄ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များအလိုက် နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာစာရင်းရေးသွင်းခြင်းနှင့် Software ရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မကွေးတိုင်းဒေသကြီးချုပ်အနေဖြင့် ရိုက်သွင်းရမည့် နိုင်နံပါတ် အရေအတွက်မှာ ၄၆၉၃၃၁၈ ဦးဖြစ်ပြီး ယနေ့အထိ ကွန်ပျူတာစာရင်းရေးသွင်းမှုမှာ ရာခိုင်နှုန်းအားဖြင့် ၇၈.၆၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်းနှင့် နိုင်-၄ ရိုက်သွင်းမှုအား သတ်မှတ်ရက် ထက်စောစီးစွာ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တည်‌ဆောက်ရေး ကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအဆင့် ဌာန/ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်မည့် တည်ဆောက်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ဝန်ဆောင်မှု ရယူခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ တင်ဒါ လုပ်ငန်းစဉ်နဲ့ ငွေထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တိုင်းဒေသကြီး တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးနှင့် ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီမှ အတည်ပြု ချက်ရယူပြီးတော့ လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ ဘဏ္ဍာရေးနှစ် အတွင်း ရာနှုန်းပြည့် လုပ်ငန်းပြီးစီးရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်‌ရေးအတွက်  စီမံကိန်းတာဝန်တွေကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီး တစ်ခုဖြစ်တဲ့ အတွက် ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်းတို့ကို အဓိကထားစိုက်ပျိုးခဲ့ပါကြောင်း၊  မွေးမြူရေး ကဏ္ဍအနေနဲ့လည်း မွေးမြူရေးဇုန်အတွင်း တိရစ္ဆာန်အမျိုးအစား၊ အရေအတွက်အရ မွေးမြူရေးခြံအတွက် မြေနေရာလိုအပ်ချက်၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးရန်အတွက် မြေနေရာ လိုအပ်ချက် တွက်ချက်မှုစိစစ်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြဖို မှာကြားလိုကြောင်း၊ ကျန်းမာရေး ကဏ္ဍအနေဖြင့် မကွေးတိုင်း‌ဒေသကြီးအတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု တစ်တိုင်းလုံးအနေဖြင့် (၈၀.၈၉) ရာခိုင်နှုန်းအထိ လည်းကောင်း၊ အသက် (၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု တစ်တိုင်းလုံးအနေဖြင့် (၉၉.၉၆) ရာခိုင်နှုန်းအထိလည်းကောင်း အောင်မြင်စွာ ထိုးနှံပြီး ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ  တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများကို (၁၂.၅.၂၀၂၂) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားခဲ့ရာ ‌ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်တိုင်ရာတပ်နယ်နှင့် ရဲတပ်ဖွဲ့များသို့ ညှိနှိုင်းအကြောင်းကြား ဆောင်ရွက် ထားရှိပြီး ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအနေဖြင့် တိုင်းဒေသကြီး အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အားကစားနည်း (၂၃) မျိုး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြမှုအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး တင်ပြကြပြီး  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)