မရမ်းကုန်းမြို့နယ် ဝရဓါတုစေတိယစွယ်တော်မြတ်စေတီတော် ပရဝုဏ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ် ဝရဓါတုစေတိယစွယ်တော်မြတ်စေတီတော် ပရဝုဏ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ



MNP - ဇွန်  ၂၃


သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ဝရဓါတုစေတိယစွယ်တော်မြတ်စေတီတော်ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မရမ်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ အလုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်စင်ကျော်နှင့် ဝန်ထမ်းများ၊ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များဖြင့် ဘုရားပရဝုဏ် အတွင်း စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မယ်ဇယ်၊ ကန့်ကော်၊ ခရေ၊ ပိတောက်၊ ငုဝါရွှေ၊ စိန်ပန်း၊ မဟော်ဂနီ၊ ပျဉ်းမ အစရှိသည့်အရိပ်ရပင်နှင့် ပန်းအလှပင် စုစုပေါင်း (၃၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)