မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုး သမီး ကြက်တောင်ပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုး သမီး ကြက်တောင်ပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်



MNP ၊ ဇွန် ၂၀

မော်လမြိုင်မြို့၌ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစား ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်‌ရေးနှင့် ပညာရည် မြင့်မားရေးဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကြက်တောင်ရိုက်ခြင်း အားကစားဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာအောင် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်/ ခရိုင်အဆင့်မှ ပြည်နယ်လက်ရွေးစင် ကြက်တောင်အားကစား သမားများ ပေါ်ထွက်လာစေရန် ကြက်တောင်အားကစားနည်းကို လူအများ စိတ်ပါ ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ် ကြက်တောင်အားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲများတွင် မွန်ပြည်နယ် ကြက်တောင်အသင်း အောင်မြင်မှုရရှိစေရန် လက်ရွေးစင် ကြက်တောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း ကြက်တောင် အားကစားနည်း ဆောင်ပုဒ်ဖြစ်တဲ့ “ကြက်တောင်ကစားခြင်းသည် မိသားစုသဖွယ် နေထိုင်သည်” ဆိုသည့်အတိုင်း အားကစားသမား အချင်းချင်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ပြုမူနေထိုင်သွားရမှာ ဖြစ်သလို ပြိုင်ပွဲတွေမှာလည်း အင်အားနဲ့ ဉာဏ်ရည်ကို အသုံးချပြီး ကြိုးစားယှဉ်ပြိုင် သွားကြဖို့ မှာကြားလိုကြောင်း အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ရမဲ့အချက်က အခြေခံပညာ ကျောင်းတွေမှာ အားကစား ပြိုင်ပွဲများကို ကျင်းပပြီး ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ်အားကစား သမားများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း နိုင်ငံတော်အတွက် အားထားရမဲ့ အားကစားသမား ကောင်းတွေဖြစ်လာအောင် မိမိကိုယ်ကို ယုံကြည်တဲ့စိတ် ခိုင်မာတဲ့စိတ်ဓါတ်နဲ့ မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားရင်း “၂၀၂၂ခုနှစ် မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက်၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ အားကစားစစ်ကြောင်းမှူးက ဦးဆောင်၍ ၁၀ မြို့နယ်မှပြိုင်ပွဲဝင် အသင်းများက မွန်ပြည်နယ် ဝန်ကြီးချုပ် အားအလေးပြုခြင်း၊ အားကစားသစ္စာ အဓိဌာန် ၄ ချက်အား ရွတ်ဆို ခြင်းများကို ဆောင်ရွက် ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြ သည်။


မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် သံဖြူဇရပ်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ချောင်းဆုံမြို့နယ် အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်ကြက်တောင်အသင်း ဆပ်ကော်မတီဝင်များ၊ အားကစား ဝါသနာရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)