ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်ဧက ၁၇၁၆ ဧကစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်ဧက ၁၇၁၆ ဧကစိုက်ပျိုး





MNP - ဇွန်  ၁၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် နွေပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ စိုက်ဧက ၁၇၁၆ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေပြီး ဆွတ်ခူးရောင်းချချိန် တစ်တင်း ၄၂၀၀၀ကျပ်ရောင်းချနေရခြင်းကြောင့် လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများတွက်ခြေကိုက်နေကြကြောင်းသိရသည်။


ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင် (၅)ခုဖြင့် နွေပဲတီစိမ်းစိုက်ဧက ၁၇၁၆ ဧကရှိ ကြောင်း၊ပဲတီစိမ်းစိုက်ခင်းများ ကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်က နွေပဲတီစိမ်းပေါ်ချိန် တစ်တင်းလျှင် ၄၀၀၀၀ ကျပ်ရောင်းချခဲ့ရပြီး လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့် နွေပဲတီစိမ်းစိုက်ပျိုး တောင်သူများမိသားစုဝင်ငွေတွက်ခြေ ကိုက်နေကြကြောင်းသိရသည်။ နွေပဲတီစိမ်းစိုက်ပျိုးခြင်းအား ဧပြီလလယ်တွင် စိုက်ပျိုးခဲ့ကြပြီး ရက်ပေါင်း ၄၅ရက်ခန့်ရှိလျှင် အဖူး၊ အပွင့်၊များစတင်ဖူးပွင့်ကြကာ အပွင့်ပွင့်ပြီး ရက်ပေါင်း ၂၀ကြာလျှင် ဆွတ်ခူး၍ အစေ့ထုတ်ကာ ရောင်းချကြကြောင်းသိရသည်။


ညောင်ဦးမြို့နယ်တွင် ငါ့သရောက်မြစ်ရေတင်ဖြင့် ၇၃၂ ဧက၊ လက်ပံခြေပေါ်မြစ် ရေတင်ဖြင့် ဧက ၃၀၀၊ သူကောင်းတည်မြစ်ရေတင်ဖြင့် ၄၇၀ ဧက၊ ကျောက်ကူးမြစ်ရေတင်ဖြင့် ၁၉၀ ဧက၊ လောကနန္ဒာမြစ်ရေတင်ဖြင့် ၂၄ ဧကစိုက်ပျိုးကြရာ စုစုပေါင်း နွေပဲတီစိမ်းစိုက်ဧက ၁၇၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊လျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက် ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ထွက်ရှိလာသည့် ပဲတီစိမ်းများအား ညောင်ဦးမြို့ မဏိစည်သူဈေးကွက်သို့လည်း ကောင်း၊ ပခုက္ကူမြို့ ပွဲရုံများသို့သွားရောက်ရောင်းချကြရာ ပဲတီစိမ်းတစ်တင်း ၄၂၀၀၀ ကျပ် ရောင်းချနေရကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)