လားရှိုးမြို့ သန့်ရှင်းသာယာလှပစေရေးနှင့်စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများဆောင်ရွက်နေမှု( ၄၀ )% ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ သန့်ရှင်းသာယာလှပစေရေးနှင့်စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများဆောင်ရွက်နေမှု( ၄၀ )% ပြီးစီး





MNP - ဇွန်   ၈


လားရှိုးမြို့၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ယနေ့ ညနေ(၄)နာရီ အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီအဖွဲ့(၆)ဖွဲ့တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိနေပြီး အဖွဲ့(၁)အနေဖြင့် လားရှိုးမြို့ ဝင်မုဒ်ဦးမှမြို့တွင်းအဝိုင်းပတ်၊ အဝိုင်းပတ်မှကြက်ခြေနီရုံးထောင့်အထိ၊ အဖွဲ့(၂)အနေဖြင့် မြို့တွင်းအဝိုင်းပတ်မှ မန်ဆူဘုရားအထိ၊ အဖွဲ့(၃)အနေဖြင့်မန်ဆူဘုရားမှ လားရှိုးကြီးလမ်းဆုံအထိ၊ အဖွဲ့(၄)အနေဖြင့် လားရှိုးကြီးလမ်းဆုံမှလားရှိုး-သိန္နီမြို့သို့သွားလမ်းရှိ ATတံတားအထိ၊ အဖွဲ့(၅)အနေဖြင့် လားရှိုးကြီးလမ်းဆုံမှနမ္မတူလမ်းဆုံအထိ၊ အဖွဲ့(၆)အနေဖြင့် နမ္မတူလမ်းဆုံမှ မြို့တွင်းအဝိုင်းပတ်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများ အပိုင်းလိုက်ခွဲ၍ဆောင်ရွက်နေမှုများကို လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးလှမျိုး လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားခဲ့ရာ၌ လားရှိုးမြို့ဝင်မုခ်ဦးအနီး လမ်းဘေးပန်းအလှနှင့် ကျောက်စီခြင်လုပ်ငန်းများ၊ ရပ်ကွက်(၁၂)လမ်းမကြီးအား လမ်းသား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေမှုများ၊ လားရှိုးလေဆိပ်အနီး လမ်းမကြီးဘေးမြေသားပြုပြင်ခြင်း၊ မြက်ကပ်ခြင်းလုပ်ငန်းများ၊ ဆင်းရွှေလီဘိုးဘွားရိပ်သာ အနီးလမ်းမကြီးဘေးတွင် မြက်ခင်းပြင်ပြုလုပ်ခြင်းများ၊ အကောက်ခွန်ရုံးရှေ့လမ်းမကြီးဘေးတွင်လည်း မြေသားပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။


လားရှိုးမြို့အား Smart City & Green City ဖြစ်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် မြေယာရှုခင်းပြုပြင်ခြင်းလုပ်ငန်းများ၊ အားကစားပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းများ၊ ပန်းအလှစိုက်ပျိုးပြုပြင်ခြင်းလုပ်ငန်းများ၊ Landscacingပြုလုပ်ခြင်းလုပ်ငန်းများပါဝင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသအာဏာပိုင်၊ မြို့အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ ပါဝင်ပူးပေါင်းကာလုပ်ငန်းများ အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေရာ အဖွဲ့(၆)ဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများသည် လုပ်ငန်းတစ်ခုလုံး၏  (၄၀)%ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)