MNP - ဇွန် ၂၄
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ၊ ဟားခါးပညာရေး ဒီဂရီကောလိပ်၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး ကာကွယ်ဆေးထိုးနှံခြင်း မပြုလုပ်မီ ဆေးထိုးမှတ်တမ်း များတွင် စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက သတ်မှတ်နေရာတွင် မိနစ်(၃၀)ကာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။
ကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment