နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်



MNP ၊ ဇွန် ၁

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့န့နက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဧည့်သည် တော် သမိုင်းပါမောက္ခ ဒေါက်တာခင်စောနွဲ့(ငြိမ်း)၊ နေပြည်တော်ရှိ လီဆူနှင့် ကရင်ဖြူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး အသိပညာပိုမို ကြွယ်ဝ လာစေရေး အတွက် ဟောပြောပွဲ အစီအစဉ်ကို ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး အသိအမြင်မှန်ကန်ရန် လိုအပ်ပါကြောင်း၊ အသိအမြင်မှန်ကန်မှ ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက်မှန်ကန်မှ မှန်ကန်စွာလုပ်ဆောင် နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့ကိုရှေးရှုပြီး အသိပညာများ လာရောက်ဟောပြော ပေးပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် Jeng Phang နော်တောင်တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဟောပြောပေးသည့် အကြောင်း အရာများကို သေချာစွာမှတ်သားပြီး မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ နောင်အခါအခွင့်သင့်ပါက အခြားသော တိုင်းရင်းသား နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဖိတ်ကြားသွားမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြစေလိုပါကြောင်း နှုတ်ခွန်း ဆက်စကား ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုင်းပြည်တစ်ခုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပြိုကွဲပါက ငြိမ်းချမ်းရေး တည်ဆောက်၍ မရနိုင်ပါကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြပါကြောင်း၊ ပဋိပက္ခဖြစ်ပါက အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ ပိုမိုခံစားရပါကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကာလ တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းထား ပါကြောင်း၊ အမျိုးသားရေးပြဿနာ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲပေါ်၌သာ နှစ်ဦးနှစ်ဖက် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ဘဝကို နားအလည်ဆုံးသောသူမှာ တပ်မတော်သာဖြစ်ပြီး တပ်မတော်ကို နားလည်သူမှာ တိုင်းရင်းသားများဖြစ်ပါကြောင်း၊ တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် အသက်တမျှ အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏အရေးပါမှုကို ဂုဏ်ယူရမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ကြ စေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် နိုင်ငံဖြစ်ကြောင်း ဆွေးနွေးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေ သည့် အကြောင်းရင်းများ၊ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာများ၊ ပြည်ထောင်စု စိတ်ဓာတ်၏အဓိပ္ပါယ်၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၏အဓိပ္ပါယ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ငြိမ်းချမ်းရေးကဏ္ဍတွင် ငြိမ်းချမ်းရေး အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် သဘောထားအမြင်၊ ငြိမ်းချမ်းရေးအမျိုးအစား၊ မြန်မာပြည်၏ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်ခဲ့မှု၊ ငြိမ်းချမ်းရေးကို ဖြေရှင်းသည့် နည်းလမ်းများ နှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသော အချက်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဆွေးနွေးဟောပြောမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)