ကျောက်ဖြူမြို့တွင် မျိူးစပါးထုတ်လုပ်မည့် တောင်သူများအား မျိုးသန့်(ဆင်းသွယ်လတ်)စပါးမျိုး ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် မျိူးစပါးထုတ်လုပ်မည့် တောင်သူများအား မျိုးသန့်(ဆင်းသွယ်လတ်)စပါးမျိုး ထောက်ပံ့ပေးအပ်

 





MNP - ဇွန်   ၁၀


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာသီတွင် မျိုးသန့်စပါးထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြမည့် တောင်သူများအား စပါးမျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ ထုတ်လုပ်နိုင်ရန်အတွက် မျိုးသန့် (ဆင်းသွယ်လတ်)စပါးမျိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကားပြောကြားပြီး  စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလုံးမောင်သိန်းက မျိုးစပါးမျိုးသန့်များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ယင်းနောက်  မြို့နယ်ဦးစီးမှူး ဒေါ်မဆန်းဝင်းက စပါးမျိုးသန့်များထုတ်လုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီ်းကျောက်ဖြူမြို့နယ်၌ မျိုးသန့်စပါးထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြမည့် ကလန့်တဲ့ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာနှင့် မင်းပြင်ကျေးရွာတို့မှ တောင်သူ(၃၀)ဦး၏ မျိုးစေ့ထုတ်ဧက (၇၅)ဧကအတွက် မျိုးစပါးအိတ် (၇၅)တင်းအား တာဝန်ရှိသူ အသီးသီးမှ ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသည့် တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို (Power Point)ဖြင့် ရှင်းလင်းဆွေးနွေးပြီး ပညာပေးမှုများ ဆောင်ရွက် ခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)