မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာရှိ စိုက်ခင်းတစ်တွင် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာရှိ စိုက်ခင်းတစ်တွင် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

 



MNP - ဇွန်   ၁၀


ရခိုင်ပြည်နယ်၊  မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာ (နတလ) ကျေးရွာ၏ အရှေ့ဘက် ကားလမ်းဘေး စိုက်ခင်းတစ်ခု၌  ယမန်နေ့နံနက် (၈) နာရီအချိန်က တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။


ဆင်၏ အရွယ်အစားမှာ အရှည် ၁၃ ပေခွဲ၊ ဦးခေါင်း ၉ ပေ၊ နှာမောင်း ၄ ပေခွဲ၊ အမြီး ၃ ပေခွဲ၊ လုံးပတ် ၃၄ ပေ၊ အစွယ် ၆ လက်မခန့်ရှိပြီး ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊  အဆိုပါ သေဆုံးနေသည့်ဆင်အား မြို့နယ်သစ်တောဦးစီးဌာနမှ လုပ်ထုံးလုပ်နည်း များနှင့်အညီ စစ်ဆေးခဲ့ပြီး  မြေမြှုပ်ပေးခဲ့ကြောင်း သိရသည်။


သတင်း- ဝေလ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)