စစ်တွေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

 


MNP - ဇွန်  ၁၈


ရခိုင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်ပေးရေးဆပ်ကော်မတီမှ အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို နည်းပညာတက္ကသိုလ်  (စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် စစ်တွေတက္ကသိုလ်တို့တွင် ယမန်နေ့နံနက်ပိုင်းစ၍ ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောပွဲများတွင် ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးကံညွှန့်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပုံအဆင့်ဆင့်၊ မော်တော်ယာဉ်တွင် သတ်မှတ်ထားသော နံပါတ်ပြားများ အကြောင်းအားလည်းကောင်း၊ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ခွဲမှူး ရဲမှူးအောင်ကြီးက မော်တော်ယာဉ်ဥပဒေနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ ဥပဒေများအားလည်းကောင်း၊ စစ်ဆေးရေးမှူး ဦးလှမြင့်သိန်းက  မော်တော်ယာဉ် မောင်းနှင်းရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များအားလည်းကောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများသို့ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် စစ်တွေတက္ကသိုလ်တို့မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား(၇၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)