ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ




MNP - ဇွန်   ၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးသီးအခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊  တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။


ကျေးသီးမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ထိုးနှံပေးခဲ့ကြောင်း အထကကျောင်းအုပ်ဆရာမကြီးထံမှ သိရ သည်။


သတင်း - သဲစုပိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)