တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



MNP ၊ ဇွန် ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်တို့အတွင်း ကျွန်းခွဲသား၊ ကုက္ကိုခွဲသား၊ ဒဟတ်ခွဲသား၊ ကသစ်သားနှင့် ကျွန်းသစ် ၄ ဒသမ ၈၉၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၉၂၆ ကျပ်)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။


အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၂၂ ရက်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော ဆိုင်ကယ်အပိုပစ္စည်းများနှင့် တိပ်ခွေများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၇၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၇၇၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ဇွန် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မှမန္တလေးသို့ မောင်းနှင်လာသော မော်တော် ယာဉ်နှစ်စီးပေါ်၌ စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများနှင့် ဖဲထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၉၉၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၉၀၉၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၂၂ ရက်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ IDတွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော ကားတာယာများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၀၀၀၀)ကိုလည်းကောင်း၊ ဇွန် ၂၃ ရက် တွင် ကုန်တင်ယာဉ်နှစ်စီးပေါ်၌ သွင်းကုန်ကြေညာ လွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော ကြာဆံထုပ်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့် ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ခရီးဆောင်အိတ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၀၀၀)ကို လည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်၅၇၆၀၀၀၀) ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ဇွန် ၂၃ ရက်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ကြာပန်းတံဆိပ်ပါဖိနပ်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော ၁၂ ဘီး ကုန်တင် ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇွန် ၂၅ ရက်တွင်တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ခပေါင်းကြိုးဝိုင်းအတွင်း ကျွန်းခွဲခြမ်းသား ၂ ဒသမ ၄၅ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၈၅၀၀) ကို သစ်တောဥပဒေအရလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၈၀၈၅၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇွန် ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၃၃၂၃၂၆ ကျပ်)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)