ကန့်ဘလူမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရန် လိုက်လံစည်းရုံးလျက်ရှိကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရန် လိုက်လံစည်းရုံးလျက်ရှိကြောင်း သိရ


MNP ၊ ဇွန် ၁၅

ကန့်ဘလူမြို့နယ် အတွင်းရှိကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေး လှည့်လည်စည်းရုံးဟောပြောမှုများ ဆောင်ရွက်လျက်ရှိပြီး အင်ဘတ်တောကျေးရွာ အပါအဝင် ရွာ(၄)ရွာတွင် ပြည်သူ့စစ်ထပ်မံ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ဦးဝါသဝ က " ဘုန်းကြီးကတော့ နေ့တိုင်း လှည့်ပြီး ဟောပြောစည်းရုံး နေရတာပဲ။ ကန့်ဘလူမြို့နယ်ထဲမှာ နောက်ထပ် ၄ရွာ ထပ်ဖွဲ့ဖို့ စာရင်းရပြီပေါ့နော်။ ဝက်တိုး၊ ဆည်ကြီး၊ ဂါထာကျေးရွာ၊ အင်ဘတ်တော ကျေးရွာတွေမှာ ထပ်ဖွဲ့သွားမယ်။" ဟု မိန့်ကြားသည်။

" ဘုန်းကြီးကတော့ ရွားတိုင်း ရွာတိုင်းကို လှည့်ဟောတဲ့အခါမှာ အနီလည်း မဟုတ်ဘူး။ အစိမ်းလည်း မဟုတ်ဘူး။ ဘုန်းကြီးက အဝါပေါ့နော်။ အနီဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် မထားသင့်တဲ့ မာနတွေ မထားကြဖို့။ ကိုယ့်ရွာပျက်စီးအောင် မလုပ်ကြဖို့။ နီနီ စိမ်းစိမ်း အေးအေးဆေးဆေး နေကြပေါ့ဗျာ။ နိုင်ငံရေးကို နားလည်လားလို့ သူတို့ မေးကြည့်ရင် အဖြေမရဘူး။ ဘုန်းကြီးလည်း နားမလည်ဘူး။ နိုင်ငံရေးကို အသာထားပြီး နိုင်ငံ့အရေး၊ ကိုယ့်ရပ်ရွာအရေး စဉ်းစားကြဖို့။ အိမ်တစ်လုံးဖြစ်ဖို့ မလွယ်သလို ရွာတစ်ရွာ ဖြစ်ဖို့လည်း မလွယ်ဘူး။ စာသင်ကျောင်းတစ်ကျောင်းဖြစ်ဖို့ဆိုတာလည်း မလွယ်ဘူး။ အဲဒါကြောင့် ရွာထဲမှာ အေးအေးဆေးဆေး မနေတဲ့သူကို စွဲထုတ်။ ဝိုင်းဆုံးမကြ။ ဘုန်းကြီးသိရင်တော့ ဘုန်းကြီးက ခေါ်ရိုက်ပစ်မှာ။ ဘုန်းကြီးကလည်း တွယ်မှာ။ ဘုန်းကြီးကို သတ်ချင်တဲ့သူတွေ အများကြီး ရှိနေတဲ့ ကြားက ဘုန်းကြီး အကျိုးအတွက် ဘာမှမပါဘဲ ဒကာ၊ ဒကာမတွေရဲ့ ကောင်းကျိုးကို လိုလားလို့မို့ အမုန်းခံပြီး ပြောပေးနေတာ။ ပြည်သူ့စစ်ဖွဲ့နိုင်မှ ကိုယ့်ရွာကို ကာကွယ်နိုင်မယ်။ ပြည်သူ့စစ်ရှိမှ စာသင်ကျောင်းတွေဖွင့်နိုင်မယ်။ ပြည်သူ့စစ်က ကျောင်းတွေကို လုံခြုံရေးပေးနေလို့ ကျောင်းဖွင့်လို့ရတာလေ။ အနာဂတ် မျိုးဆက်သစ်လေးတွေ ကိုဗစ်ကြောင့် တစ်နှစ်၊ နိုင်ငံရေးကြောင့် တစ်နှစ် နစ်နာခဲ့ရပြီးပြီ။ ဒါတွေကို ပြောဆိုရှင်းလင်းပြီး အဓိက အေးအေးဆေးဆေး နေကြဖို့ပဲ လိုက်ဟောပြောနေရတာပါ။" ဟု မိန့်ကြားသည်။

ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်များတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်သော ကျေးရွာများတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး PDF အကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသော ကျေးရွာများတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)