ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ၌ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်(၁ဒသမ၅)ဧကစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ၌ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်(၁ဒသမ၅)ဧကစိုက်ပျိုး





MNP - ဇွန်   ၂၅


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ တောင်သူဦးကြည်စိုး၏ စိုက်ပျိုးမြေ(၁ဒသမ၅)ဧက၌  ယနေ့နံနက်ပိုင်းက မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲကျင်းပခဲ့သည်။


ယင်းတိရစ္ဆာန်အစာပင် နေဗီယာမြက်များစိုက်ပျိုးရာတွင် ကျေးရွာပြည်သူများနှင့်အတူ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးသည်။


အဆိုပါတိရစ္ဆာန်အစာပင် နေဗီယာမြက်သည် ကျွဲ/နွားများ အစာတင်မကဘဲ သိုး၊ ဆိတ်နှင့် ကြက်၊ ဘဲ၊ ဝက်တို့ကိုပါ ကျွေးနိုင်သောမြက်အမျိုးအစားဖြစ်ပြီး အာဟာရတန်ဖိုးမြင့်မားကာ အသားဓာတ် ၁၂မှ ၁၇အထိပါဝင်ကြောင်း၊ နေဗီယာမြက်၏ အားသာချက်တစ်ခုမှာ  စိုက်ပျိုးရလွယ်ကူသော ပင်မြင့်မျိုးဖြစ်ကာ ရာသီဥတုဒဏ်ကိုခံနိုင်ကြောင်း၊ တစ်ဧကထွက်နှုန်း တစ်နှစ် တန် ၁၀၀ မှ ၁၂၀အထိထွက်ရှိပြီး တစ်ကြိမ်စိုက်ပျိုးပြီးလျင် မြေဩဇာပြုပြင်ပေးပြီး ငါးနှစ်/ခြောက်နှစ်ခန့် တောက်လျှောက်ရိတ်ကျွေးနိုင်ကြောင်း၊ ယခင်က အာဟာရတန်ဖိုးနည်းပါးသည့် ကောက်ရိုး၊ မြက်ခြောက်များအစား အာဟာရနှင့်အသားဓာတ်ပါဝင်မှုမြင့်မားသော နေဗီယာမြက်များစိုက်ပျိုးကျွေးမွေးပါက တောင်သူများ၏ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးထံက သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)