ရမ်းဗြဲမြို့၌ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် သန့်ရှင်းရေးစုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် သန့်ရှင်းရေးစုပေါင်းဆောင်ရွက်




MNP ၊ ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့်မိုးဦးကျကာလများတွင် ခြင်ကြောင့်ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါများမှ ကင်းဝေးစေရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့အမှတ်(၃)ရပ်ကွက်၊တန်းနားပြင်ရပ်ရှိ အခြေခံပညာမူလတန်းကျောင်း၌ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်ပေးမှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တန်းနားပြင်၊ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်ခြင်များမပေါက်ပွားနိုင်စေရေးအတွက် ခြုံ  နွယ် မြက်များကိုခုတ်ထွင်ရှင်းလင်းပေးခြင်း၊  ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေနုတ်မြောင်းများ ဖေါက်လုပ်ပေးခြင်းတို့ကို  စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း  သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)