ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြသ




MNP ၊ ဇွန် ၂၂

သထုံခရိုင်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာ နမှတိရစ္ဆာန်အစားအစာနေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ ပွဲကို ယနေ့နံနက်၁၀ နာရီ က ဘီး လင်းမြို့နယ်၊တဘက်ဆွဲကျေးရွာရှိ တောင်သူ ဦးထွန်းဟန်၏ မြေတစ်ဧက ၌ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲသို့ မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ၊  ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ် ကိုင်ကြသူများ တက်ရောက်စိုက် ပျိုးခဲ့ကြသည်။

တိရစ္ဆာန် အစားအစာပင် နေဗီ ယာမြက်  စိုက်ပျိုးခြင်းအားဖြင့် တိရစ္ဆာန်များအားလွှတ်ကျောင်း စနစ်မှ  အစာကျွေးစနစ်  မွေးမြူ ရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊အစာရှားပါးချိန်တွင် အာဟာရ ကြွယ်ဝသော အစာအဖြစ်ကျွေး မွေးရန်၊ ပြည်တွင်းကျွဲ၊နွား၊မွေး မြူရေးလုပ်ငန်းအတွက် အာဟာ ရဓာတ်  မြင့်မားပြီး  အထွက်နှုန်း ကောင်းသောတိရစ္ဆာန်အစာများဖူလုံစွာ သုံးစွဲနိုင်ရေးနှင့်နေဗီယာ မြက်ကို နွားစာအဖြစ် ကျွေးမွေး ပါ ကလိုအပ်သော အဟာရဓာတ် ပမဏများပြည့်ဝစေရန်ရည်ရွယ်၍စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ မွေး မြူရေးလုပ်ငန်းလုပ်ကိုင်သူများ သို့လည်း  နေဗီယာမြက်စိုက်ပျိုး နိုင်ရေးအတွက် မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ပျိုး ပင်များကို အခမဲ့ ဖြန့်ဖြူးပေး လျက်ရရှိကြောင်းမြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဥမ္မာနှင်းကရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)