ပုသိမ်မြို့ပေါ်ရှိ ကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့ပေါ်ရှိ ကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 


MNP - ဇွန်   ၁


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက  ပုသိမ်မြို့ပေါ်ရှိ ညောင်ပင်သာဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် (P.E.C)ကိုယ်ပိုင်အထက်ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ညောင်ပင်သာဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း၍ ဆရာ၊ ဆရာမ များထံသို့ ကျောင်းသုံးပစ္စည်းများ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ အလားတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအပ်ရန်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ ပေးအပ်ခဲ့ကာ  ကိုသာဖြူ ဘုရားကျောင်းဝန်း၌ ဖွင့်လှစ်ထားရှိသည့် ဘော်ဒါဆောင်များသို့ သွားရောက်၍ အဆောင်ဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး အဆောင်တာဝန်ခံများထံ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (P.E.C)ကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ကျောင်းဆောင်များ လှည့်လည်ကြည့်ရှု စစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာ ကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါ စသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)