ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

 



MNP - ဇွန်   ၁၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဝန်ထမ်းများမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးနှံသူများ စာရင်းမှတ်တမ်းများအား ကောက်ယူရေးသွင်းကာ ကျောင်းသား/သူများ၏ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်များဖြင့်  ကျောင်းသား(၁၀၀)ဦး ကျောင်းသူ(၈၈)ဦး စုစုပေါင်း(၁၈၈)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇင်မာဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)