MNP - ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲရှိ နားမကြားသောကလေးများ ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေး၊ ကော်မတီအတွင်းရေးမှုး၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်မင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှုးဒေါ်ကြည်ကြည်ခိုင်၊ တိုင်းဥပဒေအရာရှိဦးအေးသိန်း၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှုးကြီးမောင်မောင်မြင့်၊ တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်တပ်ဖွဲ့စုမှူး ရဲမှုးသူဇာလွင်နှင့် ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် လူမှုရေးဝန်ကြီးဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းက ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ကော်မတီဝင်များမှ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြပြီးနောက် လူမှုရေးဝန်ကြီးဦးယဉ်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သတ်း - ခင်စိမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment