ကျွန်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးပွဲကျင်းပ



MNP - ဇွန်   ၁၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးပွဲကို ယမန်နေ့က ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ ကျေးရွာအေးချမ်းရေး၊ ရေရရှိရေး၊ လမ်းတံတားလုပ်ငန်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရေး၊ လျှပ်စစ်ကြွေးကျန်များ ပေးသွင်း‌ရေးတို့ကိုဆွေးနွေးကြသည်။


ထို့နောက် မကျီအင်းကျေးရွာ ရွာမိရွာဖတစ်ဦးက ကျေးရွာတွင်းလမ်းများ၊ သုဿန်သွားလမ်းနှင့် ရွာအဝင်ကျောက်ချောလမ်း ပျက်စီးနေမှု ပြုပြင်ရေးတို့ကို တင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)