ကျောက်တော်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၁၁


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တတိယနှစ် ကျောင်းသူလေးများက ဗုဒ္ဓပူဇနိယအကဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးထွန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)တွင် ပညာသင်ယူနေကြသော မောင်မယ်များ အနေဖြင့် ကျောင်းသင်ခန်းစာများအား ပြီးမြောက်အောင်သင်ယူပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝမြင့်တင်နိုင်ရေးတို့အတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာညွှန့်မှ အမှာစကား ပြောရာတွင်  စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာမယ့် မောင်တို့မယ်တို့အနေဖြင့် စိုက်ပျိုးရေး နည်းပညာများကို တောင်သူများဆီ အရောက်ပို့ဆောင်ပေးရမှာဖြစ်ပါကြောင်း မှာကြားခဲ့သည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်သန်းမှ  စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းစတင်ဖြစ်ပေါ်လာပုံ အကျဉ်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်များအနေဖြင့် သင်ခန်းစာများ သင်ယူရာတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နှင့် စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာအောင် ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားခဲ့သည်။


ထို့နောက် တတိယနှစ်ကျောင်းသား မောင်ကိုကိုဖြိုးမှ ၂၀၂၁-၂၀၂၂ ကျောင်းသား/ ကျောင်းသူများအား ကြိုဆိုစကား ပြောကြားခဲ့ကာ ပထမနှစ် ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။


ထို့နောက် ပညာရည်ချွန်ဆုပေးပွဲအား ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်၊စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပထမ၊ ဒုတိယနှင့်တတိယဆု ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသိပ္ပံမှ ဆရာ/ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တတိယနှစ် ကျောင်းသူ/ ကျောင်းသားများက မဟာနွယ်အက၊ စည်းလုံးခြင်းသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


သတင်း - ခင်မောင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)