ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မှော်ဘီကောက်ညှင်းမွှေး စမ်းသပ်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မှော်ဘီကောက်ညှင်းမွှေး စမ်းသပ်စိုက်ပျိုး



MNP -  ဇွန်   ၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စုမှ ယခုနှစ်မျိုးရာသီတွင် မှော်ဘီကောက်ညှင်းမွှေးအား Seeder တိုက်ရိုက်မျိုးချစနစ်ကို အသုံးပြုပြီး စတင်စမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ထိုသို့ Seeder တိုက်ရိုက်မျိုးချစနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့်အချိန်ကုန်သက်သာခြင်း၊ အလုပ်သမားပြဿနာ၊ လုပ်အားခရှားပါးမှုပြဿနာများကို ဖြေလျော့ပေးကြောင်းနှင့် ရှမ်းပြည်နယ်ထုတ်ကုန်ဖြစ်သည့် ခေါပုတ်များပြုလုပ်ရာတွင် အသုံးပြုသည့်ဒေသကောက်ညှင်းထက် ယခုစမ်းသပ်စိုက်ပျိုးသည့် မှော်ဘီကောက်ညှင်းမွှေးသည် အရည်အသွေးပိုမိုကောင်းမွန်ပြီး အထွက်နှုန်းမှာလည်း ဒေသကောက်ညှင်းသည် တစ်ဧကလျှင်(၆၀)တင်းထွက်ရှိပြီး ယခုနှစ်မှ စတင်စမ်းသပ်စိုက်ပျိုးသည့် မှော်ဘီကောက်ညှင်းမွှေးအား တစ်ဧကလျှင်(၇၀)တင်းထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရ သည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)