ဆရာတော်ဦးဝါသဝက အကြမ်းဖက်သမား ၄ဦးကို ဖမ်းဆီးပြီး မူးမြစ်ထဲ မျှောလိုက်ကြောင်း မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတော်ဦးဝါသဝက အကြမ်းဖက်သမား ၄ဦးကို ဖမ်းဆီးပြီး မူးမြစ်ထဲ မျှောလိုက်ကြောင်း မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေလျက်ရှိ



MNP ၊ ဇွန် ၂၆

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် လူမှုကွန်ရက်စာမျက်နှာတွင် ကျွန်းလှနယ်ဘက်မှ ဖမ်းဆီးလာသူ ၄ဦးအား ဦးဝါသဝနှင့် ပျူခွေးများက ကျွန်းလည်ပျူရွာတွင် ခေါင်းဖြတ်သတ်ပြီး မူးမြစ်ထဲ မျှောလိုက်ကြောင်း မဟုတ်မှန် ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မဟုတ်မမှန် ဖန်တီးရေးသားမှုနှင့် ပတ်သက်၍ ဆရာတော်က "အဲဒီလိုပဲ ပေါက်ကရရေးပြီး အများပြည်သူကို မဟုတ်မမှန် သတင်းအဆိပ်တွေ ကျွေးနေကြတာ။ ဒါမျိုးတွေ လုပ်ကြံဖန်တီးရေးသားနေတာကတော့ ရိုးလွန်းနေပါပြီဗျာ။ အထွေးအထူး ပြောနေဖို့တောင် မလိုပါဘူး။ သူတို့တွေ ဆူပူအကြမ်းဖက်နေတဲ့ ကာလတလျှောက်လုံး အများပြည်သူကို အခုလိုပဲ မဟုတ်မမှန်သတင်းတွေ နဲ့ မှိုင်းတိုက်နေကြတာပဲ။" ဟု ဆရာတော် မိန့်ကြားသည်။

အဆိုပါ လုပ်ကြံဖန်တီးရေးသားထားသော သတင်းကို NLD အစွန်းရောက်များ ဝါဒဖြန့်လှုံ့ဆော်နေသည့် တန့်ဆည်သူ တန့်ဆည်သားတို့ ဆုံစည်းရာ facebook group မှ ရေးသားဖြန့်ဝေထားခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ လုံးဝမသိရကြောင်း၊ ဘယ်တုန်းက သေလို့ မျောလာတဲ့ အလောင်းတွေမှန်းလည်း မသိရသေးကြောင်း၊ အလောင်းတွေ တွေ့တယ်ဆိုတဲ့ သတင်းကိုတော့ ဒကာ၊ ဒကာမတွေ ပြောလို့ကြားသိရကြောင်း ဖြင့် ဆရာတော်က ရှင်းလင်းမိန့်ကြားသည်။


PDF အကြမ်းဖက် သမားများသည် ၎င်းတို့အချင်းချင်း အမုန်းပွားကြသည့် အခါတွင်လည်း ရက်စက်စွာ သတ်ဖြတ်၍ လက်စဖျောက်သည့် လုပ်ရပ်များ ရှိနေကြောင်း၊ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသူများမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)