မြေပုံမြို့နယ်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ





MNP ၊ ဇွန်  ၃ 

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှအသက် (၁၂)နှစ်အတွင်းရှိ  ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အလက(ခွဲ)ကံသာထွက်ဝ ၊ အမက(လွန်)တောင်ပိုင်း ၊ အမက(သဲတန်းအရှေ့) ၊ အမက(သဲတန်းတောင်) ကျောင်းဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် “ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြစို့”ဆောင်ပုဒ်နှင့်အညီ မြေပုံမြို့နယ်တွင် အခြေခံပညာသင် ကျောင်း(၁၇၇)ကျောင်းများမှကျောင်းသား/သူ (၂၂၅၉၀)ဦးရှိပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ထိုးနှံ နိုင်ရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်လင်းနိုင် လမ်းညွန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးဆောင်ကာ မြို့နယ်ပညာရေး မှူးကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်းများက ကျောင်းသား/သူများအား အမည်စာရင်းရေးသွင်းခြင်း ၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရန် ရောက်ရှိလာသော ကျောင်းသား/ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်တိုင်း တာခြင်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ထိုးနှံပေးလျက်ရှိကြောင်း ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေပြီးမှပြန်လည်သွားခွင့်ပြု ခဲ့ကြောင်းနှင့် ကာကွယ် ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့ များကလိုအပ်သည်များကိုကူညီလုပ် ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


သတင်း - တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)