ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် အ-ထ-က(၁) အခြေခံပညာအထက်တန်းကျောင်း ပင်မနှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် အ-ထ-က(၁) အခြေခံပညာအထက်တန်းကျောင်း ပင်မနှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်

 



MNP -  ဇွန်   ၃


၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ပြင်ထိန်းရန်ပုံငွေဖြင့် ပြုပြင်မွမ်းမံပြီးစီးခဲ့သည့် အ-ထ-က ရေကြည် ပင်မနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ အချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက်ပင်မနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကဗ္ဗည်းမော်ကွန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ-ထ-က (ရေကြည်)၏ ကျောင်းအုပ်ဆရာကြီးဦးအောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ထားရှိမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ စတင်တက်ရောက် ပညာသင်ကြားနေမှု အခြေအနေများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)