ပေါင်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌


MNP ၊ ဇွန် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကို ဇွန် ၂၈ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လအတွက်  လူမှုရေးပင်စင်ရရှိ သော အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ တစ်ဆင့်ထောက်ပံ့ ပေးအပ်ကြသည်။

ထိုနောက် မြို့နယ်စီမံကောင်စီဥက္ကဌ ဦးသိုက်ထွန်းနှင့်တာဝန်ရှိသူများမှ အသက် ၈၅ နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်များကို အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၈ ခုမှ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား ၁၂၄၈ ဦးအတွက် စုစုပေါင်းငွေကျပ် ၃၇၄၄၀၀၀၀ ကို လူမူရေးပင်စင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)