ကန့်ဘလူခရီးစဉ် (၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူခရီးစဉ် (၂)


ကျွန်တော်တို့ ကားကို ဆရာတော်ကျောင်းမှာ ထားခဲ့ပြီး ဆရာတော့်ကျောင်းက အကြမ်းခံတဲ့ ကားတွေနဲ့ တခြားရွာတွေကို ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်က ဒီနေ့ရောက် နက်ဖန်ပြန်ဖို့ အစီအစဉ်ပါပဲ။ ဒါကြောင့်လည်း ဆရာတော် က အနားမပေးဘဲ သွားလာလို့ ရတဲ့နေရာတွေကို သွားရောက်လေ့လာဖို့ ဇွတ်စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကားပေါ်မှာပဲ ဆရာတော်နဲ့ စကားတွေ ပြောဖြစ်ကြတယ်။

ကားပေါ်မှာပဲ စကားတွေ ပြောဖြစ်ကြတယ်။ ဆရာတော် က ကျေးရွာတွေကို လှည့်လည်စည်းရုံးပြီး အေးအေးချမ်းချမ်း နေကြဖို့ လုပ်ဆောင်ခဲ့ရတဲ့အခြေအနေ၊ ပြည်သူ့စစ်တွေ ဖွဲ့စည်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ရတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။

ကိုချိုကြီးက တခြားသောရွာတွေမှာလည်း ဆရာတော်သံဃာတော်တွေ ရှိတဲ့အခါကြတော့ အခြေအနေ ဘယ်လိုရှိလဲလို့ မေးမြန်းလျှောက်ထားတဲ့အခါ ဆရာတော်က "ပွင့်ပွင့်လင်း ပြောရရင်တော့ ဒကားကြီးရာ ကိုယ့်ရွာထဲက ဒကာ၊ ဒကာမကို မနိုင်ကြဘူးလေ။ အနီရယ် အစိမ်းရယ် ဒါကို မထိန်းနိုင်ကြဘူးပေါ့။ ဆရာတော်ကတော့ ပြောမရရင် တွယ်မှာဆိုတော့ ဆရာတော့်စကားကြတော့ နားထောင်ချင်လည်းထောင်၊ နားမထောင်ရင်လည်း အတွယ်ခံရမှာဆိုတော့ နားထောင်ရတာပေါ့။" လို့ မိန့်ကြားပါတယ်။

ကားလမ်းကလည်း ကြမ်းပါတယ်။ စကားပြောချိန်ကလည်း သွားရင်းဟန်လွဲပဲ ရမှာဆိုတော့ ရွာအများစုမှာ PDF အကြမ်းဖက်ဒဏ် ခံခဲ့ရတဲ့အကြောင်းကို ဆရာတော်က ရှင်းပြတဲ့အခါ ကိုချိုကြီးက "အရှင်ဘုရား သူတို့က တပ်ကိုတော့ မတိုက်ရဲဘဲနဲ့ ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်တဲ့ လုပ်ရပ်ကို တော်လှန်ရေးလို့ ယူဆနေတာ သူတို့ရဲ့ အခြေအနေကို ဘယ်လိုမြင်လဲလို့ မေးလျှောက်ပါတယ်။ ဆရာတော်က "ဒကာကြီးရယ် တပ်ကို တိုက်ရဲဖို့ နေနေသာ ပြည်သူ့စစ်ကိုတောင် စိန်ခေါ်မတိုက်ရဲပါဘူး။ ဒီကောင်တွေက ခိုးကြောင့်ခိုးဝှက် တိုက်မယ်။ မိုင်းစွဲမယ်။ ၂ချက် ၃ချက် ပစ်ပြီး ပြေးမယ်။ ဒါပဲလေ။" လို့ ရှင်း ပြပါတယ်။ 

ကိုချကြီးက အမေရိကန်၊ စင်္ကာပူ၊ သြစတေးလျ လို နိုင်ငံတွေကနေ စာချုပ်တွေရောင်းတယ်၊ အလှူခံပြီး သူတို့ကို ထောက်ခံပေးနေတယ်ဆိုတာတွေကို သူတို့ဆီ အထောက်အပံ့တွေ ရောက်နေလား လို့ မေးကြည့်ပါတယ်။ ဆရာတော်နဲ့ ဆရာတော်ရဲ့ တပည့်က " ရောက်တာထက် မရောက်တာက များပါလိမ့်မယ်။ ရတဲ့ငွေကိုလည်း ရတဲ့သူက ကိုယ်ကျိုးအတွက် မောင်ပိုင်စီးလိုက်ကြတာတွေ များပါတယ်။ အဲဒါကြောင့်မို့လို့လည်း ငွေကြေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ တက်နေကြတာ သတင်းတွေ ကြားရတယ်။

ကားနဲ့ ထွက်လာရင်း တံတားတိုလေးတစ်ခုကိုတွေ့တော့ ဆရာတော်က ဒီတံတားကိုလည်း သူတို့ မိုင်းခွဲဖျက်ဆီးမယ့်အစီအစဉ်ထဲမှာ ပါတယ်လို့ ပြောပါတယ်။ တံတားထိပ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ကင်းစောင့်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကတော့ ဆရာတော်ကားလာတာ မြင်တာနဲ့ လက်အုပ်ချီပြီး ဦးညွတ်ကြပါတယ်။

PDF တွေဟာ တစ်နှစ်ကျော်ကြာလာသည်အထိ စိတ်ဓာတ်မကျနိုင်သေးဘူးလား လို့ ကိုချိုကြီးရဲ့ အမေးကိုတော့ ဆရာတော်က "သူတို့ဒုက္ခပေးလို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အပါအဝင် ကြားနေပုဂ္ဂိုလ်တွေ မိတကွဲ ဖတကွဲ ဖြစ်နေကြသလို သူတို့တွေလည်း မိတကွဲ ဖတကွဲ တူသောအကျိုးကို ခံစားနေကြရတာပဲ။ စိတ်ဓာတ်မကျဘဲ နေမလား" လို့ မိန့်ပါတယ်။

တွေ့တဲ့ ဆုံတဲ့အခိုက်မှာ ကိုချိုကြီးကလည်း သိလိုတာတွေ တလစပ်မေးမြန်းသလို ဆရာတော်ကလည်း ရှင်းလင်း ပြောကြားပါတယ်။ စိတ်ဓာတ်ကျနေတဲ့ PDF တွေပဲဖြစ်ဖြစ်၊ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်လိုတော့တဲ့ PDF တွေကို လက်နက်ချနိုင်ဖို့ လမ်းဖွင့်ပေးထားတာမျိုးရော ရှိလားလို့ မေးတဲ့အခါ ဆရာတော်က "သူတို့ကို လူသတ် အကြမ်းဖက်တာ မရှိဘူးဆိုရင် ဥပဒေဘောင်အတွင်းမှာ အေးအေးဆေးဆေး နေနိုင်တယ်လို့ တရားဝင် ပြောထားတာ ရှိတာပဲ။" လို့ ပြောပါတယ်။

တဆက်တည်း ဆရာတော် မိန့်ကြားတာက KIA က စစ်ရေးနယ်ပယ်ချဲ့ထွင်နေပုံနဲ့ ပတ်သက်လို့ "KIA က စစ်ကိုင်းတိုင်းထဲမှာ စစ်မီးတောက်အောင် လုပ်နေတာ။ သင်တန်းတွေ ပေးတယ်၊ လက်နက်တွေကို ဈေးကြီးကြီးနဲ့ ရောင်းပေးတယ်။ သူတို့မှာ ကျည်ဆံ ဘာရှိတာမှတ်လို့ လေးငါးဆယ်တောင့် ဒါပဲလေ။ ဒါကို သူတို့က အဟုတ်ကြီး ထင်နေကြတာ။ တကယ်တန်းတော့ ရေရှည်ဒဏ်မခံနိုင်ပါဘူး" လို့ ဒေသအခြေအနေကို ရှင်းလင်းမိန့်ကြားပါတယ်။ ဗမာလူမျိုးများအပေါ် လူမျိုးရေးမုန်းတီးမှု စိတ်ဓာတ်အခံ ရှိတဲ့ KIA ဟာ ဗမာတွေ အချင်းချင်း သတ်နိုင်အောင် မြှောက်ပေးနေတဲ့အပြင် လက်နက်ပါ ရောင်းချခွင့် ရနေတဲ့အတွက် KIA အတွက်ကတော့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ပေါ်လာခြင်းဟာ လူမျိုးရေးအမုန်းဓာတ်ခံအတွက် ဗမာတွေကို သတ်ခွင့် ရသလို တစ်ဖက်က လက်နက်ရောင်းချပြီး ငွေေကြေးအကျိုးအမြတ်ပါ ရတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် တဲ့ လုပ်ရပ်မျိုးပါ။

PDF ထဲက ဗမာလူငယ်တွေဟာ NLD အစွန်းရောက် ပြည်ပြေးတွေကို ထောက်ခံတဲ့ စိတ်နဲ့ လုပ်နေပေမယ့် မိမိတို့ ရဲ့ လုပ်ရပ်အပေါ်မှာ KIA ဘယ်လို အမြတ်ထုတ်နေသလဲဆိုတာကို စဉ်းစားမိပုံ မပေါ်ပါဘူး။ ဒါကြောင့်လည်း အသုံးချခံ အကြမ်းဖက်သမားများအဖြစ်နဲ့ ဆင်ကန်တောတိုး မိုက်ရူးရဲဆန်ဆန် ကိုယ့်ဗမာအချင်းချင်း၊ ကိုယ့်ရွာသူရွာသားအချင်းချင်း ကိုပင် လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အကြမ်းဖက်သမားများ အဆင့်ကို ရောက်ရှိလာခြင်းလို့ပဲ သုံးသပ်မိပါတယ်။

PDF တွေက ကိုယ့်ရွာသူ ရွာသားအချင်းချင်း ခေါင်းဖြတ်၊ ခြေဖြတ်သတ်တာတွေ၊ ရွာကို မီးဝင်ရှို့တာတွေက နိုင်ငံရေးယုံကြည်ချက်ကြောင့် လုပ်တာလို့ ပြောလို့ ရပါတော့မလား ဆိုတဲ့ ကိုချိုကြီးရဲ့ မေးခွန်းကိုတော့ ဆရာတော်က "ဘာသာရေးမှိုင်းတိုက်တာတွေ ပါလာတာပေါ့။ တချို့ PDF တွေ ဘုရားမရှစ်ခိုးရတော့ဘူး။ ချက်ကျောင်းတက်ပြီး ဝတ်ပြုနေကြရပြီလေ။ KIA ဆိုတာ ခရစ်ယာန် အစွန်းရောက်လေ။ ဘုန်းကြီးကတော့ ကိုယ်တိုင် ထွက်တိုက်ရမယ်ဆိုရင်လည်း တိုက်မှာ။ KIA ကိုလည်း စိန်ခေါ်တယ်။ KIA တွေ လာပြီး မီးရှို့နေတာ။ သူတို့ ကချင်ပြည်နယ်ထဲတော့ မလုပ်ဘဲ စစ်ကိုင်းတိုင်းထဲမှာ စစ်မီးတောက်အောင် လာဖန်တီးနေတာ။ ဘုန်းကြီးကတော့ စိန်ခေါ်တယ်။ တိုက်ရဲတယ်ဆိုရင် လာခဲ့ကြစမ်း။ ခိုးကြောင့် ခိုးဝှက်နဲ့။ စစ်မီးတောက်အောင် လုပ်နေကြတာ" လို့ ဆရာတော်က KIA ရဲ့ လုပ်ရပ်တွေအပေါ် ခံပြင်းဒေါသနဲ့ မိန့်ကြားလာပါတယ်။

ရွဲ့ကာ၊ စောင်းကာ နဲ့ တဝေါဝေါ မောင်းလာတဲ့ ကျွန်တော်တို့ကားဟာ မူးမြစ်တံတားပေါ်ကို ရောက်လာပါတယ်။ တံတားအဆင်းရွာကတော့ ကျွန်းလည်ရွာဖြစ်ပါတယ်။ ဆရာတော်က "ဒီရွာက ၇ ယောက်အသတ်ခံရတယ်။ အိမ် ၁၀လုံး မီးရှို့ခံရတယ်။ KIAနဲ့ PDF က လာလုပ်သွားတာ။ ရွာသူ ရွာသားတွေ ဘုန်းကြီးရဲ့ ကျောင်းမှာ လာပြီး တိမ်းရှောင်နေကြရတယ်။" လို့ မိန့်ကြားပါတယ်။

ကျွန်းလည်ရွာ ဘုန်းတော်ကြီးကျောင်းကို ရောက်တော့ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် တာဝန်ကျနေတဲ့ ဗိုလ်ကြီး ကျော်သူရိန်နဲ့လည်း ဆရာတော်က မိတ်ဆက်ပေးပါတယ်။ ဗိုလ်ကြီးကျော်သူရိန် တို့ ရောက်လာမှပဲ ကျွန်းလည်ရွာမှာ အေးချမ်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဗိုလ်ကြီးကျော်သူရိန်ရဲ့ ဦးစီးကွပ်ကဲမှုနဲ့ ရပ်ရွာဝန်းကျင် အေးချမ်းသာယာလာတဲ့အခါ ရွာသူ ရွာသားတွေရဲ့ ချစ်ခင်လေးစားခြင်းကို ပိုပြီး ရလာပါတယ်။ ဗိုလ်ကြီးကျော်သူရိန် နယ်ပြောင်းရတော့မယ်ဆိုတဲ့အခါ ရွာသူရွာသားတွေက ငိုယိုပြီး တောင်းပန်လို့ နယ်မပြောင်းဘဲ ဒီနယ်မှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ပေးနေရတယ်လို့ သိခဲ့ရပါတယ်။


ဆက်လက်ရေးသားပါအုံးမည်။

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)