သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်လှစ်



MNP - ဇွန်   ၁၀


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းကို ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မားစေရန်၊ အုပ်ချုပ်မှုဆိုင်ရာ အရည်အသွေးမြင့်မားစေရန်နှင့် ရုံးလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်၍ လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးချတတ်စေရန် ရည်ရွယ်၍ ရုံးချိန်ပြင်ပ ညနေက ၁၅ နာရီမှ ၁၇ နာရီ အထိ နှစ်ပတ်တာ သင်ကြားဖွင့်လှစ်ရှိကြောင်း သိရသည်။


သင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းများ ရွေးချယ်ခန့်ထားနည်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ၊ နိုင့်ငံ့ဝန်ထမ်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ စည်ပင် သာယာရေးဆိုင်ရာ အထွေထွေသိကောင်းစရာများနှင့် စာရင်းစစ်အကြံပြုချက်များ လျော့နည်းရေးအတွက် ကြီးကြပ်ကွပ်ကဲမှုနည်းစနစ် စသည့် ဘာသာရပ်များကို သင်တန်းအမှတ်စဉ် (၁) အဖြစ် သင်တန်းသား ၂၅ ဦးအား သင်ကြားပို့ချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးအေးကျော်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)