သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာများမှ အသက်(၅)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာများမှ အသက်(၅)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး




MNP ၊  ဇွန်  ၂၃

မွန်ပြည်နယ်၊ သထုံမြို့ နယ်တွင် အခြေခံပညာကျောင်းအသီးသီးတို့ရှိ အသက်(၅)နှစ်အထက် ကျောင်းသူ/သားများအား စာသင်ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က အောက်ကွင်းကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများအား မရမ်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးစုရပ်ပြုလုပ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးကော်မတီဝင်များတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာများဖြစ်သည့် ကတိုက်ကလေး၊ ကတိုက်ကြီး၊ ဓနုကတိုက်၊ တောကြီး၊ သောင်ကြီး၊ ဆိပ်ကျွန်း၊ မရမ်းကုန်းနှင့် ဘူဒင်းချောင် ကျေးရွာတို့ရှိ အခြေခံပညာကျောင်းပေါင်း (၁၁) ကျောင်းတို့မှ အသက်(၅)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်းရှိပြီး အသက်(၅)နှစ်အထက် ကျောင်းသူ/သားများအား စာသင်ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ(၂)ရက်နေမှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)